ကိုယ်ပိုင်အခွင့်အရေး
ဒီနေ့ သမီးသူငယ်ချင်းလာကစားတော့ ကလေးတွေရဲ့ သဘာဝထုံးစံအတိုင်း အိမ်မှာသာကျယ်တဲ့ ကျွန်မအိန်ဂျလ်လေးက သူ့သူငယ်ချင်းကို ရိုက်လိုက်တယ်။ အဲအချိန်မှာ ကျွန်မနဲ့ စကားပြောနေတဲ့ ဧည့်သည်အမေက သူ့သမီးဆီသွားပြီးပြောတယ်။ ရိုက်တာကို မကြိုက်ရင်ဘာလို့ နိုးမပြောတာလဲတဲ့။ ကျွန်မတို့ သားအမိရှေ့မှာပဲပြောတာပါ။ သူဘာလို့ သူ့သမီးကို အဲလိုသင်ပေးတာလဲလို့ တွေးမိတယ်။
ကျွန်မတို့တွေ သူများကလေးက ကိုယ့်ကလေးကို ရိုက်လိုက်ရင် ဘယ်လိုတုန့်ပြန်မလဲ... ရှေ့မှာတော့ ဘာမှ မဖြစ်သလိုနေပြီး ကွယ်ရာမှာ ကိုယ့်သားသမီးကို ဟဲ့.ဘာလို့ရိုက်တာခံလိုက်တာလဲ သူရိုက်ရင် ပြန်ရိုက်ပါလားလို့ သင်မှာလား... ဒါမှမဟုတ် တော်တော်ညံ့တဲ့ကောင် နောက်တခါ ကိုယ်ကဦးအောင်ဆော်လို့ ကလေးကို ရဲသွေးတင်ပေးမှာလား... သူနဲ့သွား မကစားနဲ့တော့လို့ ပြောမှာလား...
ဧည့်သည်မိခင် သူ့သမီးကို ရွေးခြယ်ခိုင်းတာပါ။ မကြိုက်တာကို မကြိုက်ဘူးလို့ ပြောတတ်အောင် သင်ပေးတာ။
ကျွန်မတို့ လူ့ပတ်ဝန်းကျင်မှာ ကိုယ်မကြိုက်တာ ရှိရင် မပြောဘဲ ကျိတ်ခံတာများတယ်။ ကျေးဇူးရှင်မို့၊ အထက်အရာရှိမို့၊ အသက်ကြီးလို့၊ ပိုချမ်းသာလို့၊ ဆက်ဆံရေး မပြေလည်တော့မှာဆိုးလို့... အားလုံးကို ထောက်ရှု့ ပြီး အတတ်နိုင်ဆုံး ကိုယ်မကြိုက်ပေမယ့်လည်း သီးခံကြပါတယ်။ အဲလို သီးခံလိုက်တော့ နှစ်ဦးနှစ်ဘက်က ဆင်းလုံးချောအဆင်ပြေလားဆိုတော့လည်း မဟုတ်ပြန်ဘူး။ ပါရမီရှင်တွေကတော့ အပြုံးမပျက်ဆက်ခံနိုင်ပေမယ့်... တချို့ကတော့ အောင့်အီးသီးခံပါများတော့ ပေါက်ကွဲကုန်ပါတယ်။ ပေါက်ကွဲတဲ့အခါ ဘယ်သူ့ကိုလဲ ကိုယ့်ကိုပြောတဲ့သူကိုလား...ကိုယ့်ကြင်ယာဖက်ကိုလား... ကိုယ့်သားသမီးတွေကိုလား... ခွေးလေး ကြောင်လေးတွေကိုလား...
မကြိုက်ဘူးဆိုတဲ့ အရာတခုကို ပြောပိုင်ခွင့် ကိုယ့်မှာ အပြည့်အ၀ရှိပါတယ်။ ရှိတဲ့ အခွင့်အရေးကို အသုံးချသင့်တဲ့ အချိန်မှာ အသုံးကျအောင် ကြိုးစားကြည့်ရအောင်။
No comments:
Post a Comment