သူငယ်ချင်းဆိုတာ...
ကျွန်မ မိတ်ဆွေတစ်ယောက်ကပြောဖူးတယ်။ သူငယ်ချင်း အပေါင်းအသင်းတွေကို ပေါင်းတယ်ဆိုတာ သူ့နေရာနဲ့သူ ခွဲခြားပေါင်းရတယ်တဲ့။ ဈေးဝယ်ထွက်တဲ့အခါ ပေါင်းလို့ရတဲ့ သူငယ်ချင်းရှိသလို၊ ရုပ်ရှင်တူတူကြည့်လို့ရတဲ့ သူငယ်ချင်း၊ ကိုယ့်အတွင်းရေးကို ပြောပြလို့ရတဲ့ သူငယ်ချင်း၊ ကျောင်းသွားဖော် သူငယ်ချင်း၊ အကူအညီလိုရင် မေးမြန်းဆွေးနွေးနိုင်တဲ့ သူငယ်ချင်း ဆိုပြီးရယ်လို့ရှိတယ်တဲ့။
ဈေးဝယ်ထွက် ပျော်ရွှင်ဖွယ်ရာတွေတူတူလုပ်တဲ့ သူငယ်ချင်းကို ကိုယ့်အတွင်းရေးတွေသွားပြောလို့ ရချင်မှရနိုင်မယ်။ တူတူပျော်နိုင်ပေမယ့် တူတူကူပြီး ငိုပေးနိုင်မှာ မဟုတ်ဘူး။ ကျောင်းသွားဖော် သူငယ်ချင်းကလည်း ရုပ်ရှင်လိုက်ကြည့်နိုင်ချင်မှာ လိုက်ကြည့်နိုင်မယ်။ မေးမြန်းနိုင်တဲ့ သူငယ်ချင်းကလည်း ကိုယ်အကူအညီ မလိုရင် သူကိုကိုယ်က သွားခေါ်မှာ မဟုတ်ဘူးလေ။
လောကမှာ သူငယ်ချင်းတွေ အမျိုးမျိုးကိုတွေ့နိုင်တယ်။ သူငယ်ချင်းတိုင်းက သင့်လိုချင်တာတွေအားလုံး မဖြည့်ဆီးပေးနိုင်ဘူးဆိုတော့ "ဟိုသူငယ်ချင်းကတော့ ငါ့ကိုကူညီနိုင်တယ်။" "ဒီသူငယ်ချင်းကတော့ ငါ့နဲ့စာတူတူလုပ်နိုင်တယ်။" "သူက ငါမေးသမျှပြောတယ်" လို့ ပြောနေမယ့်အစား သင့်လျှော်ရာ နေရာမှာ သင့်တော်တဲ့ သူငယ်ချင်းကို ရွေးခြယ်ဖို့ပဲလိုတယ်။
No comments:
Post a Comment