ကြေးအိုးဆိုင်သွားစားရင် ကြေးအိုးဆီချက်ပဲစားဖြစ်ပါတယ်။ ဒီနေ့တော့ မစားရတာကြာပြီဖြစ်တဲ့ ကြေးအိုးဆီချက်လေးချက်စားရအောင်။
လိုအပ်တဲ့ ပစ္စည်းလေးတွေကတော့...
ဆန်ကြာဆံ
ကြက်သွန်ဖြူ ဆီချက်
ကြက်သားမှုန့်
ပဲငံပြာရည် အနောက်
မုန့်ညုင်းစိမ်း
ကြက်သွန်မြိတ်
ဝက်သားလုံး
ငုံးဥပြုတ်
ဝက်အသဲ
ဝက်သားလုံး အတွက်...
ဝက်သားအကြေ 1 lb
ကြက်ဥ 1 piece
ကြက်သွန်ဖြူထောင်း 4 tbsp
ဂျင်း 3 tbsp
ဆား အနည်းငယ်
အားလုံးကိုရောနယ်ပြီး ဗူးတစ်ခုထဲထည့်ကာ ရေခန်းသေတ္တာထဲ ထည့်ထားနိုင်ပါတယ်။
ကြေးအိုးဆီချက် လုပ်ရအောင်...
စားခါနီးမှ ၀က်သားအကြေနယ်ထားတာကို ထမင်းစား ဇွန်းလေးနဲ့ခပ်ပြီး ရေနွေး ဆူဆူထဲမှာ ၁၅ မိနစ်ခန့် ပြုတ်ပြီး ရေစစ်ထားပါ။ အနေတော် ပါးပါးလေးလှီးထားတဲ့ ၀က်အသဲကို ၁၀မိနစ်ခန့်ပြုတ်ပါ။ ရေစိမ်ထားတဲ့ ကြာဆံကို ပြုတ်ပါ။ ကြာဆံဆယ်ပြီး လက်တစ်ဆစ်ခန့်လှီးထားတဲ့ မုန့်ညှင်းစိမ်းထည့်ပြုတ်ပါ။
ပွဲပြင်ပုံ....
ကြေးအိုးဆီချက်ထည့်မယ့် ပုဂံဇောက်နက်နက်ထဲကို ကြာဆံထည့်၊ ကြက်သွန်ဖြူဆီချက် 2 tsp၊ ပဲငံပြာရည် အနောက် 1/2 tsp ထည့်ပြီး ရောမွေလိုက်ပါ။ နောက် ပြုတ်ထားတဲ့ ၀က်သားလုံး၊ ၀က်အသဲ၊ ငုံးဥ၊ မုန့်ညှင်းစိမ်းထည့်၊ ကြက်သွန်မြိတ် ပါးပါးလှီးထည့်၊ အပေါ်မှ ကြက်သွန်ဖြူကြော်လေးဖြူး လိုက်ရင် အရသာအလွန်ရှိတဲ့ ကြေးအိုးဆီချက် သုံးဆောင်လို့ရပါပြီ။
No comments:
Post a Comment